Poetry

အပိုနဲ့အလို

  • ကားတွေက ပိုနေတယ်
  • လမ်းတွေက လိုနေတယ်။
  • လူတွေက ပိုနေတယ်
  • ပလက်ဖောင်းတွေက လိုနေတယ်။
  • သစ်ပင်တွေက ပိုနေတယ်
  • မြို့ပြကနေ နှင်ထုတ်
  • သစ်ပင်တွေ ခုတ်ကြ
  • တိုးတက်ချင်ရင် တော​တွေရှင်းရမတဲ့။
  • ဆန့်ကျင်ဘက် အတွေးတွေမှာ
  • အပြစ်ရှိသူတွေက
  • သစ်ပင်တွေပဲ ဖြစ်ခဲ့တာ
  • ခေတ်မီချင်လို့ တဲ့လား။
  • ခုတ်ပစ်ကြ၊လှဲပစ်ကြ
  • သဘာဝတရားကိုအရေခွံခွာ
  • သားရေ ဆုတ်ကြ။
  • အပိုတွေများနေတာက
  • တက်ကျမ်းအလိုအရ တိုးတက်ချင်စိတ်၊
  • အလိုတွေများနေတာက
  • ခြေကုန်လက်ပမ်းကျနေတဲ့
  • ရိုသားစိတ်။
  • ဟိတ်သံပေးရင်
  • မျိုးဆက်တွေ တိတ်ကြပေရော့၊
  • အလိုကြီးသူများအတွက်
  • သောကအပိုတွေ
  • စိုက်ခင်းလိုက်ရှိပါတယ်။

………. လွတ်လပ်အိမ်

%d bloggers like this: