Aung Soe Min

Art of our time, space for our art

Aung Soe Min was born in 1970 in Kyaukpadaung, near Mount Popa. He graduated as an Engineer from Chauk in Middle-Burma. Aung is the founder and spirit behind Pansodan Art Gallery, a well-known and favoured hub for and of creativity in Yangon. Its influence and projects reaches out into the outskirts and countryside. Pansodan is also a venue for poetry readings, book launches, literary receptions, documentary film showings, public lectures, art and heritage workshops. Aung’s true passion lay in the world of the literary arts. He started writing and selling screenplays as a teenager, and founded a publishing house at the age of twenty-two. He is the author of numerous articles, poems, short stories, and essays published in the leading magazines of their time. Aung Soe Min’s ongoing projects also include collecting cultural objects in the form of artwork, documents and visual history for archiving, which he intends on publicly display in a private museum.



Pansodan Gallery, Pansodan Scene, Matika, Pansuriya Cafe and Gallery

a short film about creative ideas and art environment in
Pansodan Gallery, Yangon, Myanmar by Richard Edward


Open History Project

လူထုအမှတ်သညာပွဲတော်


လူထုအမှတ်သညာပွဲတော်သည် ဒေသတွင်း လူမှုအဖွဲ့အစည်း တစ်ခုပြောင်းလဲလာပုံကို
လူထုကြားက သမိုင်းအဖြစ် ချဉ်းကပ်လေ့လာကာ
ဓာတ်ပုံမှတ်တမ်းများ အနုပညာပစ္စည်းများဖြင့်
ပြပွဲအဖြစ် ခင်းကျင်းပြသရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
ထိုပြပွဲများမှတဆင့် မတူညီသောမျိုးဆက်များက
မိမိဒေသပြောင်းလဲဖြစ်ထွန်းလာမှုများကို အတူတက ွ လေ့လာကြည့်ရှုရန်ဖြစ်ပါသည်။
ဓာတ်ပုံ ၊ ပန်းချီ ၊ မော်ကွန်း ဗီဒီယို ၊ ကဗျာ ၊ စာပေတို့ဖြင့် ပေါင်းစပ်ခင်းကျင်းကာ
လူကြီးလူငယ် မျိုးဆက်တို့ကြားမှ က ွာဟချက်များကို နားလည်တက်စေရန်
မတူညီသော အဖွဲ့အစည်းများ ပေါင်းစပ်ထားသော လူမှုအဖွဲ့အစည်းဖြစ်ကြောင်း
ခံစားတတ် စရေန်
စေ့စပ်စာနာတတ်သော မျက်လုံးများဖြင့် လူမှုဘဝတို့ကို ကြည့်မြင်စေရန်
ခင်းကျင်းသော အနုပညာနှင့် အမှတ်သညာပွဲတော်ဖြစ်ပါသည်။ ။

Artist Magway Myo Nyunt and His contributions to Open History

We went around from home to home, gathered photos and documents, prepared for festival of Public Memories


အောင်စိုးမင်း

ငယ်ဘဝ

ငယ်စဥ်ကပင် စာပေနှင့် ပန်းချီကို ဝါသနာပါ၍ အနုပညာသမားဖြစ်ရမည်ဟုစိတ်ကူးခဲ့သည်။ ရုပ်ပြစာအုပ်များ စုဆောင်းလို၍ ကြိုးတန်းစာအုပ်ဆိုင်ကို အသက် (၉) နှစ်သားတွင်စ၍ ဖွင့်လှစ်ခဲ့ သည်။ (၄) နှစ်တိုင်တိုင် ကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်ခဲ့သည်။ နေ့စဥ် (၂) ကျပ်ခန့်ရရှိ၍ ရုပ်ပြ စာအုပ်သစ်တစ်အုပ်ဝယ်နိုင်ခဲ့သည်။ (၁၃) နှစ်သားတွင် စာစရေး၍ ပန်းချီ၊ ကာတွန်း၊ ကဗျာ၊ ဝတ္ထု စသည့်ဆုများစွာရရှိခဲ့သည်။ အသက် (၁၅) နှစ်ခန့်တွင် ကျောက်ပန်းတောင်းမြို့သမိုင်းများ လိုက်လံ စုဆောင်းသောကြောင့်  မြို့နယ်သမိုင်းပြုစုရေးတွင် စာရင်းသွင်းခံခဲ့ရသည်။ မြို့ငယ်လေးတွင် ကြီးပြင်း ရသည်ဖြစ်၍ ငှားရမ်းဖတ်ရှုရန် ဖတ်စရာစာအုပ်များ ရှာဖွေမရသောကြောင့် “ပန်းနု”အမည်ဖြင့် စာအုပ်ချုပ်ဆိုင် သီးသန့်ဖွင့်ခဲ့ရာ ဆိုင်းဘုတ်တင်ပြီး နောက်တစ်နေ့တွင် စာအုပ်စုထားသူများ လာရောက်အပ်နှံကြသောကြောင့် နေ့တွင်စာအုပ်ချုပ်၊ ညတွင်စာအုပ်ဖတ်ကာ အဆင်ပြေခဲ့ရသည်။ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ဇာတိဖြစ်၍ သန်းထိုက်၊ မျိုးမင်းထွန်း၊ လဲ့လဲ့ထွန်းစသည့် မောင်နှမလေးယောက်အနက် ဒုတိယသားဖြစ်သည်။


၁၉၈၈ အရေးတော်ပုံ

ငယ်စဥ်က စာရေးဆရာ၊ ပန်ချီဆရာ၊ အနုပညာသမားမျှသာ ဖြစ်ချင်ခဲ့သော်လည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီတော်လှန်ရေး အတွေ့အကြုံကြောင့် အနုပညာဖြင့် ခေတ်ကိုပြောင်းလဲလိုသူ ဖြစ်လာသည်။ မြန်မာနိုင်ငံသားတို့၏ အဓိကဟာကွက် အားနည်းချက်မှာ ကိုယ်ပိုင်ဖန်တီးမှု  နည်းပါးပြီး သူများနောက် လိုက်ကာ ကူးချကော်ပီလုပ်မှုတွေ များလွန်းခြင်း ဖြစ်သည်ဟု ၁၉၈၈ခုနှစစ်ကတည်းကစဥ်းစားခဲ့သည်။ ၇.၈.၁၉၈၈တွင် ကျောက်ပန်းတောင်မြို့ ၌ သူ့ ညီမျိုးမင်းထွန်းနှင့်အတူ အာဏာရှင်ဆန့်ကျင်ရေး စာဖြန့် ဝေမှုများကြောင့် ပထမဆုံးအဖမ်းခံရပြီး နယ်နှင်ဒဏ်အပေးခံရသည်။အကိုဖြစ်သူ သန်းထိုက် (ခေါ်) ဖိုးရွှေလမှာ သူငယ်ချင်းများနှင့်အတူ ၈.၈.၁၈၈၈ တွင် စတင်ဦးဆောင်သပိတ်မှောက်ခဲ့ပြီး ကျောက်ပန်းတောင်းမြို့၏ ကျောင်းသားသမဂ္ဂဥက္ကဌ ဖြစ်လာသည်။ အရေးအခင်းကာလတွင် ပြန်ကြားရေးဌာနဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး မြင်ကွင်းသတင်းစာနှင့် ကျောက်ပန်းတောင်းရေဒီယို ထုတ်လွင့်မှုတို့ကို ရေးသားထုတ်လုပ်ခဲ့သည်။ မိသားစု တစ်စုလုံး ဒီမိုကရေစီလှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး အခက်အခဲမျိုးစုံဖြတ်သန်းခဲ့ရသည်။ ညီအစ်ကို ၄ ယောက် တောခိုရန်သွားရာမှ ၁၉၉၀ ရွေးကောက်ပွဲအတွက်ပြန်လာခဲ့ကြပြီး ကျောက်ပန်းတောင်မြို့ N.L.Dပါတီ ထူထောင်မှုတွင် ရှေ့ဆုံးကပါဝင်လာခဲ့ကြသည်။ ဒီမိုကရေစီရေးဆောင်ရွက်ရာတွင် ကျောင်သားသမဂ္ဂများနှင့် နိူင်ငံရေးပါတီတို့ကြား အားပြိုင်မှုများကိုမနှစ်ခြိုက်၍ ၁၉၉၀ ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေးလှုပ်ရှားမှုများမှနုတ်ထွက်၍ အသိဉာဏ်ယဉ်ကျေးမှုကိုတိုးမြှင့်အောင်ဆောင်ရွက်ခဲ့ပါသည်။ ခွဲခြားစိတ်ဖြာ၍ ဆင်ခြင်တုံနည်းကျစဥ်းစားတတ်မှုများပြားပြီး လူ့အဖွဲ့အစည်းတည်ဆောက်မှုကို ထိရောက်စွာအကျိုးပြုမည်ဟု ယုံကြည်သည့်အတွက် ၁၉၈၉တွင် အလင်းသစ် စာကြည့်တိုက် ထူထောင်ရာ ထပ်မံဖမ်းဆီးသဖြင့် ပုန်းလျှိုတိမ်းရှောင်ခဲ့ရသည်။


စာကြည့်တိုက်၊ စာအုပ်တိုက်နှင့် စာပေလှုပ်ရှားမှု

၁၉၉၂၊ ၁၉၉၃တွင် ချောက် G.T.I မှ ဘွဲ့လက်မှတ်ရခဲ့ပြီး ရန်ကုန်သို့ရောက်ရှိကာ  သန်းထိုက်၊ သန်းမြင့်အောင်၊ အောင်စိုးမိုး တို့နှင့် အတူ လင်းဦးတာရာ စာအုပ်တိုက်ထူထောင်ခဲ့ပါသည်။ လင်းဦးတာရာစာအုပ်တိုက်သည် ထိုခေတ်ထိုအခါက အပျော်ဖတ်စာပေများ ကြီးစိုးသောစာပေ ခေတ်အား လေးနက်သောစာအုပ်များစတင်ထုတ်ဝေခဲ့သည်။ ငှားဖတ်စာအုပ်ဆိုင်ခေတ်မှ ဝယ်ဖတ် စာအုပ်ဆိုင်ခေတ်သို့ ပြောင်းလဲရမည်ဟု ကြွေးကျော်ခဲ့သည်။ ဆရာမင်းသုဝဏ်၊ ဒဂုန်တာရာ၊ ကြည်အေး၊ သန်းမြင့်အောင် တို့၏စာအုပ်များထုတ်ဝေခဲ့ရာ  ပထမဆုံးကွန်ပျူတာ အော့ဖ်စက်သုံး၍ ထုတ်ဝေသော စာအုပ်များတွင်ပါဝင်ခဲ့ပြီး စာကြီးပေကြီးများထုတ်လျှင်ရှုံးမည်ဟူသောအမြင်ကို ပြောင်းလဲနိုင်ခဲ့ပါသည်။ ၁၉၉၅ မှ ၂၀၀၅ အထိ စာအုပ်ထုတ်ဝေရေးပုံစံပြောင်းလဲသွားပြီး စာအုပ်တိုက် အသစ်များစွာပေါ်ပေါက်လာအောင် ကူညီနိုင်သရွေ့ကူညီခဲ့ပါသည်။ နယ်မှရန်ကုန်ရောက်ခါစ G.T.Iဝင်ခွင့်ကျောင်းထောင်ခြင်း၊ ဗွီဒီယိုဇာတ်ညွှန်းများရေးသားခြင်းနှင့် သင်္ဘောကျင်းဆားဗစ် (၁) နှစ်ခွဲကြာယူခဲ့သော်လည်း အနုပညာလောကထဲခြေစုံပြစ်ဝင်မည်ဟုဆိုကာ သင်တန်းဆင်း လက်မှတ် မယူခဲ့တော့ပါ။ လောကသာရပျို့ ကိုထုတ်ဝေသောအခါ ဆရာမင်းသုဝဏ်က ငါ့ရဲ့ဒီလိုစာမျိုးကို ဖတ်တဲ့သူရှိသေးလာဟုပင်မေးခဲ့သည်။


လင်းဦးတာရာ အင်ဂျင်နီယာလုပ်ငန်းစုနှင့် ဆိုင်များ

၁၉၉၅ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့ ၌လင်းဦးတာရာ အင်ဂျင်နီယာလုပ်ငန်းစုကို

ထူထောင်ခဲ့သည်။ ဆောက်လုပ်ရေး၊ လျှပ်စစ်နှင့် စက်မှုပစ္စည်းထုတ်ကုန် လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ပထမဆုံးရရှိသည့် ဝင်ငွေဖြင့် ကျောက်ပန်းတောင်းမြို့တွင် (၁၀) နှစ်ကျော် မကျင်းပနိုင်သည့် စာပေဟောပြောပွဲကို ဒေါက်တာမျိုးသန့်တင်၊ သူရဇော်တို့နှင့်အတူ ကျင်းပ  နိုင်ခဲ့သည်။ စာကြီးပေကြီးများတင်၍ရောင်းချသော လင်းဦးတာရာစာအုပ်ဆိုင်ကို ဖွင့်ခဲ့သည်။ ၂၀၁၆၊ ၂၀၁၇တွင် ရန်ကုန်ကိုပြန်ရောက်ကာ လင်းဦးတာရာစာအုပ်ထုတ်ဝေရေးကို ဆက်လက် လုပ်ကိုင် ခဲ့သည်။ ဆရာမောင်သစ်ဆင်း၊ လူထုစိန်ဝင်း၊ ဆရာတင်မောင်သန်းတို့နှင့် သင့်ဘဝမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၉ ခုနှစ် ကာလမှာ စာပေစီစစ်ရေး အကြပ်အတည်း ဆုံးဖြစ်၍ (၄) အုပ်ခန့်သာ ထွက်နိုင်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ကဗျာဆရာဦးတင်မိုး၊ ဆရာဖေမြင့်၊ ဆရာမဂျူး၊ ဆရာအော်ပီကျယ် တို့ကို မကွေးမြို့ စာပေဟောပြောပွဲပြုလုပ်၍ ထပ်မံဖမ်းဆီးခံရသော် လည်း ပြန်လည်လွတ်မြောက်ခဲ့ပါသည်။


ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာနယ်ဇင်းသမားဘဝ

၂၀၀၁ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့သို့ အဆင့်မြင့်ဂျာနယ်လစ်ဇင်သင်တန်း၊ ဒုတိယသုတ်အဖြစ် မင်းထက်မောင်၊ အောင်စိုးမိုးတို့နှင့်အတူ (၃) လ တက်ရောက်ခဲ့သည်။


ဇာတ်ညွှန်းရေးသားခြင်းနှင့် ဗွီဒီယိုရုပ်ရှင်

၁၉၉၃ခုနှစ်မှစ၍ ဒါရိုက်တာ ဦးဒေါနနှင့်တွဲကာ ဇာတ်ညွှန်းများရေးသားခဲ့သည်။ ၁၉၉၉ ခုနှစ်ခန့်မှစ၍ တီဗွီကြော်ငြာ၊ စီးပွားရေးကြော်ငြာ အခု (၅၀) ခန့်ရိုက်ကူးခဲ့သည်။ အိမ်မက်တိမ်တိုက်ထဲကနှင်းဆီ တစ်ပွင့် ဇာတ်ကားကို HIV ပညာပေးဇာတ်ကားအဖြစ်ရိုက်ကူးခဲ့ပြီး လင်းဦးတာရာအငြိမ့် (၁)၊ (၂) ကို လည်းရိုက်ကူးထုတ်လုပ်ခဲ့ပါသည်။ ပထမဆုံး တီဗွီဇာတ်လမ်းတွဲဖြစ်သော Taxi (စေညွှန်ရာလမ်းမများ) ကို အပိုင်း (၁၄) ပိုင်းရိုက်ကူးခဲ့သည်။ ထို့နောက် ရွှေခေါင်းပြောင် ဇာတ်လမ်းတွဲကို ဆက်လက်ရိုက်ကူး ပြီး ပြသခဲ့ရာ ၂၀၁၇ ရွှေဝါရောင်တော်လှန်ရေးကို ရည်ညွှန်းသည်ဟုဆိုကာ ပြနေစဥ် အပိတ်ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်နောက်ပိုင်း ရုပ်သံနှင့်စာနယ်ဇင်းမီဒီယာများ မြန်မာပြည်တွင်းသို့ပြန်လည်ဝင်ရောက်ခဲ့ရာ DVB (Democratic Voice of Burma) တွင် တီဗွီပရိုဂမ်များထုတ်လုပ်ရိုက်ကူးပြသခဲ့သည်။ လင်းပွင့်ဂီတပွဲတော်၊ ခေတ်ပြိုင်အနုပညာရှုခင်း၊ ရွှေခေါင်းပြောင်ဇာတ်လမ်းတွဲတို့ကို ရိုက်ကူး ပြသခဲ့သည်။ အနုပညာရှင်များနှင့် အင်တာဗျူး၊ ခင်မောင်ရင်အတွက် စာတစ်စောင်၊ ဦးဘဉာဏ်အတ္ထုပတ္တိစသော မော်ကွန်းမှတ်တမ်းရုပ်ရှင်များကို ရိုက်ကူးပြသခဲ့သည်။ သက်တန့်ရောင်စဥ်ဂျာနယ်၊ ယုံကြည်မှုဂျာနယ်တို့တွင် အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့သည်။


စာပေရေးသားမှု

၁၉၉၇ ခုနှစ်ခုကစ၍ “လွတ်လပ်အိမ်” ဟူသော ကလောင်အမည်ဖြင့် စတင်ရေးသားခဲ့သည်။

“လူမိုက်၊ လူလိမ္မာ၊ ပညာရှိ

တောင်စဥ်ခုနှစ်သွယ် ဂလိုဘယ်လိုက်ဇေးရှင်း

ပို့စ်မော်ဒန်ယဥ်ကျေးမှု၊ ပို့စ်မော်ဒန်ခေတ်

ဖြန့်ထွက်တွေးနည်း” အစရှိသော စာအုပ်များရေးသားခဲ့ပါသည်။

General English Magazine၊ ပန်တော်ဝင် ကလေးဂျာနယ်၊ New Spectator Magazine များကို ထုတ်ဝေခဲ့သည်။


မြန်မာစာနှင့် မြန်မာ-အင်္ဂလိပ် အဘိဓါန်

 နိုင်ငံတကာတွင် မြန်မာစာစိတ်ဝင်စား၍ သင်ကြားလိုသူနည်းပါးလာသည်ကို ကြားသိရ၍၎င်း၊ မြန်မာစာ သုတေသန ပညာရှင်များနည်းပါးလာကိုကြားသိရ၍၎င်း၊ မြန်မာစာတိုးတက်ရေး လှုပ်ရှားမှုများပြလုပ်ခဲ့သည်။ ပန်းဆိုးတန်းပန်းချီပြခန်း၏နေရာမှာ နိုင်ငံခြားသားများအား မြန်မာစာသင်ကြားပေးရန် ရည်ရွယ်ချက်ပါရှိသော်လည်း ၂၀၀၈ နာဂစ်မုန်တိုင်းဖြစ်သောကြောင့် ပြင်သစ်သံရုံးစာသင်ခန်းများသို့ နေရာရွှေ့ပေးခဲ့သည်။ ဆရာဂျွန်အိုကယ်၊ ဆရာဂျပ်စတင်၊ ရုသ်၊ ပရက်ဒလေဂျုန်း၊ နန်စီကာနင်ဟန်တို့နှင့်အတူ စီစဥ်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၉ ခုနှစ်မှစ၍ နန်စီကာနင်ဟန်နှင့်အတူ မြန်မာ-အင်္ဂလိပ်အဘိဓါန်ကို ပြုစုခဲ့သည်။ ပြောင်းလဲလာသောခေတ်နှင့် လျော်ညီသော ဝေါဟာရသစ်များထည့်သွင်းလိုမှု၊ အဆဲစကားနှင့် ဗန်းစကားများလည်း ထည့်သွင်းလိုမှု၊ မြန်မာစာသင် နိုင်ငံခြားသားများအတွက် သုံးရလွယ်သော အဘိဓါန်ဖြစ်စေလိုမှုတို့ဖြင့် ပြုစုခဲ့သည်။ ပြုစုထားသည်မှာ အလွန်ကြီးမားသော အဘိဓါန်ဖြစ် သော်လည်း ထိုအဘိဓါန်အကြီးကို မထုတ်ဝေနိုင်သေးဘဲ ထိုင်းနိုင်ငံ Paibon ထုတ်ဝေရေးတိုက်မှ အဘိဓါန်ငယ်အဖြစ် ထုတ်ဝေခဲ့သည်။